Saturday, November 24, 2007

IELTS အကြောင်းသိသမျှ.........

IELTS for Myanmar

IELTS အတွက် Recommend Websites တွေပါ……

Infozee

IELTS ebooks တွေ downloads ရနိုင်ပါတယ်။ rapidshare သုံးထားတဲ့အတွက် တခါ download လုပ်ပြီး minute 30 လောက်စောင့်ရပါတယ်။ ဒါမှမဟုတ် စက်ပြောင်းရပါတယ်။

www.ielts-exam.net

online practice tests တွေရှိပါတယ်။ Speaking Real Tests တွေ၊ Writing Samples တွေ၊ Forum လည်းရှိပါတယ်။

www.ielts-blog.com

ielts update news တွေနဲ့ writing samples တွေကောင်းပါတယ်။ online practice tests တွေကတော့ တခြား site နဲ့ ချိတ်ထားတာပါ။ သိပ်အဆင်မပြေဘူး။

Day of the Test အတွေ့အကြုံလေးပါ……..

-MICT ထဲမှာဖြေရပါတယ်။

-Register လုပ်တုန်းက Slip ပေါ်ကနံပါတ်နဲ့ ID အသစ်တစ်ခုထပ်ကြည့်ရပါတယ်။

-ကိုယ်ပိုင် stationary ဘာတခုမှ ယူသွားလို့မရပါဘူး၊ ခဲတံ ၂ ချောင်း၊ ခဲဖျက်နဲ့ ပေတံ ပေးထားပါတယ်။

-Slide တခုနဲ့ ရှင်းစရာရှိတာတွေရှင်းပြပါတယ်။

-Listening အတွက် CD Play ကတော့ နားထောင်ဖို့အနေတော်ပါပဲ။

-Reading ကအချိန်မလောက်ပါ၊ အသက်လုပြီးဖြေရတယ်။

-Writing Task 2 (8 September 2007)

Some people think computer and internet are good for learning. Some parents, however, thinks that school and teachers are better for children. What extend do you agree or disagree?
(အတိအကျတော့ မဟုတ်ပါ။ မှတ်မိသလောက်ပြန်ရေးထားတာပါ။)

-Speaking က တရက်ထဲမှာဖြေရတာရှိသလို (၄) ကနေ (၅)ရက်အထိပြန်ချိန်းပါတယ်။(ကိုယ့် Desk ပေါ်မှာ Date, Time ကပ်ထားပါတယ်။)

-Speaking က BC မှာပဲဖြေရတယ်။ Examiner က Local (Ms.) နှစ်ယောက်နဲ့ Foreigner (Ms) တစ်ယောက် ရှိတယ်။ အလှည့်က ကျချင်သလိုကျပါတယ်။
(Speaking အတွက် www.ielts-net.exam - Speaking Real Test ထဲက questions တွေပြင်ဆင်ထားရင် အဆင်ပြေမှာပါ။)
IELTS နဲ့ပတ်သက်ပြီး သိချင်တာရှိရင် Shout Box ထဲမှာ မေးခွန်းချန်ခဲ့ပါ(Result မေးတာကလွဲလို့ပေါ့…..band ကောင်းရင်တော့ ပြောပြမယ်)။ သိသလောက်ဖြေပေးမယ်။ IELTS နဲ့ပတ်သက်ပြီးတော့ Post တင်ချင်တာရှိရင် ဖိတ်ခေါ်ပါတယ်။

IELTS Result

IELTS Exam Result

IELTS Exam Result က ဖြေပြီး နောက် (၂) ပတ်လောက်ဆို British Council မှာပဲသွားယူရပါတယ်။
အိမ်ကိုပို့စေချင်ရင်လည်း Registration form မှာ ဖြည့်ခဲ့ရင်ရပါတယ်။
ကိုယ်တက်မယ့်ကျောင်းကို တိုက်ရိုက်ပို့ခိုင်းရင်လည်း ရပါတယ်။
*** Result ကဖြေပြီးတဲ့နေ့ကနေ (၂) နှစ်အတွင်းပဲလက်ခံပါတယ်။

IELTS Exam မှာ အမှတ်ပေးပုံက ……

Band Score 0 – 9 ပေးပါတယ်။

Band 9 : Expert User
Band 8 : Very Good User
Band 7 : Good User
Band 6 : Competent User
Band 5 : Modest User
Band 4 : Limited User
Band 3 : Extremely Limited User
Band 2 : Intermittent User
Band 1 : Non User
Band 0 : Did not attempt the test ဆိုပြီးသတ်မှတ်ပါတယ်။

ဝင်ခွင့်အတွက် IELTS တောင်းတဲ့ ကျောင်းအများစုကတော့

Certificate Level -- Band 5
Diploma Level – Band 5.5
UnderGraduate Level – Band 6
PostGraduate (Master) Level – Band 6.5 …. လိုအပ်ပါတယ်။

Exam Result မှာ Listening, Reading, Writing နဲ့ Speaking skills တစ်ခုချင်း ရမှတ်တွေကို သက်သက် ဖော်ပြထားသလို overall score (skills လေးခုလုံး ပျမ်းမျှရမှတ်) လည်းပါပါတယ်။
overall score မှာ အနီးဆုံး ရမှတ်ကိုပဲပြပါတယ်။ ဥပမာ … skills လေးခုပေါင်း (23) မှတ်ဆိုရင် band 6 ပေးပါတယ်။ လေးခုပေါင်း(25) မှတ်ဆိုရင်လည်း band 6 ပါပဲ။

Wednesday, November 14, 2007

IELTS Registration for Myanmar

IELTS Exam Registration

IELTS Exam Fee က 2008 January ကစပြီး 145 US$ ပါ။ (မနှစ်က 144 US$)
Registration လုပ်ဖို့လိုအပ်တာတွေက Passport ဓါတ်ပုံ (2)၊ Passport (သို့မဟုတ်) NRC မှတ်ပုံတင် ပါပဲ။ Registration Form ဖြည့်ရပါတယ်။ Exam မှာသိသင့်တာတွေရေးထားတဲ့စာရွက်၊
exam မေးခွန်းပုံစံရှင်းပြတဲ့စာရွက် နဲ့ receipt(slip) တစ်ခုပြန်ပေးပါတယ်။
British Council Burma (ကမ်းနားလမ်းနှင့် ၃၉လမ်းထောင့်) မှာ စာရင်းသွင်းရမှာပါ။

2008 Exam အတွက် 01 November 2007 ကနေ register စလုပ်လို့ရပါတယ်။
12 January 2008 (Saturday) exam အတွက် 07 December 2007 နောက်ဆုံးထားပြီး စာရင်းသွင်းရမှာပါ။
14 February 2008 (Thursday) exam အတွက် 11 January 2008 နောက်ဆုံးပါ။
08 March 2008 (Saturday) exam အတွက် 08 February 2008 နောက်ဆုံးပါ။
19 April 2008 (Saturday) exam အတွက် 14 March 2008 နောက်ဆုံးပါ။
22 May 2008 (Thursday) exam အတွက် 04 April 2008 နောက်ဆုံးပါ။
28 June 2008 (Saturday) exam အတွက် 09 May 2008 နောက်ဆုံးပါ။
26 July 2008 (Saturday) exam အတွက် 06 June 2008 နောက်ဆုံးပါ။
30 August 2008 (Saturday) exam အတွက် 04 July 2008 နောက်ဆုံးပါ။
27 September 2008 (Saturday) exam အတွက် 08 August 2008 နောက်ဆုံးပါ။
25 October 2008 (Saturday) exam အတွက် 05 September 2008 နောက်ဆုံးပါ။
20 November 2008 (Saturday) exam အတွက် 19 September 2008 နောက်ဆုံးပါ။
06 December 2008 (Saturday) exam အတွက 24 October 2008 နောက်ဆုံးပါ။

IELTS နဲ့ တခြား စာမေးပွဲတွေအကြောင်းကို BC website: http://www.britishcouncil.org/burma.htm မှာကြည့်နိုင်ပါတယ်။

Thursday, March 29, 2007

How To Apply For A Myanmar Passport

Short Visit (အလည်၊ကျောင်းတက်ဖို့)အတွက် Passport လျှောက်မယ်ဆိုရင်

ပထမအဆင့် -

ပုံစံထုတ်ပေးရေးဋ္ဌာမှာ ပုံစံဝယ်ရမှာပါ။ပုံစံဝယ်တဲ့နေရာမှာ ဘွဲ့ ရပြီးပြီလားမေးပါလိမ့်မယ်။ ဘွဲ့ ရပြီးရင် ပညာရေးကင်းရှင်းကြောင်း (EC-Education Clearance) လုပ်ခိုင်းဖို့ပါ။ ဘွဲ့ ရပြီးသားဆိုရင်လုပ်လိုက်တာကောင်းပါတယ်။ မလုပ်ထားရင် passport ထုတ်ပေးဖို့ ကြာတတ်တယ်။ (EC အတွက် အောက်မှာ ထပ်ဖော်ပြပါ့မယ်။)

ပုံစံဖိုးက ၂၂၀၀ ကျပ်ပါ။ (ဂျာနယ်တစ်စောင်ပါ)

ဒုတိယအဆင့်

Forms ဝယ်ပြီးသွားရင် ဓာတ်ပုံရိုက်ပါ။ ဓာတ်ပုံကတော့ ဘောင်ချာဖြတ်ပြီး ရိုက်ရုံပါပဲ။ လူများရင်များသလို (၁၀မိနစ်-၃၀မိနစ်လောက်) ကြာတတ်ပါတယ်။ မျက်မှန်တတ်တဲ့သူတွေကတော့ မျက်မှန်နဲ့ တခါ မပါဘဲ တခါ နှစ်ခါရိုက်ရပါတယ်။ (ဆန္ဒရှိလို့ မျက်မှန်ချွတ်ရိုက်ရင်တော့ သူတို့စစ်ဆေးတဲ့ နေရာတွေမှာ မျက်မှန်ခဏ ချွတ်ထားရုံပါပဲ။)
ယောင်္ကျားလေးတွေက ကုတ်အင်္ကျီနဲ့ နက်တိုင်နဲ့ ဝတ်ခိုင်းပြီး ရိုက်ပါတယ်။ မိန်းကလေးတွေကတော့ ဝတ်လာတဲ့ အင်္ကျီနဲ့ပါပဲ။

ဓာတ်ပုံက နောက်တစ်ရက် ပြန်ချိန်းတော့ ပထမတစ်ရက်ကတော့ Forms ဝယ်တာနဲ့ဓာတ်ပုံရိုက်တာပဲလုပ်ရတာပါ။

ဓာတ်ပုံဖိုးက ၃၅၀၀ ကျပ်ပါ။ (မျက်မှန်နဲ့ - ၇၀၀၀ ကျပ်ပါ။)

တတိယအဆင့်
ပထမတစ်ရက်အချိန်ရသေးရင်တော့ ဘဏ်မှာငွေသွင်းလို့ရပါတယ်။စီးပွားရေးဘဏ်ခွဲ( ၂ )၊ ပန်းဆိုးတန်းအောက်လမ်းနဲ့ ဘဏ်လမ်းထောင့်မှာ form တစ်ဖောင်ဝယ်ဖြည့်ရတယ်။ပြီးတော့
Passport စာအုပ်ဖိုး ၈၀၀၀ ကျပ် သွင်းရပါတယ်။
ငွေသွင်းပြီး ချာလံယူဖို့ (၁၅မိနစ်-၃၀မိနစ်)လောက် စောင့်ရတတ်တယ်။
ပွဲစားတွေကလည်း မြန်မြန်လုပ်ပေးမယ်ဆိုပြီးရှိတယ်။

မှတ်ချက်။
ချာလံယူပြီးရင်တော့copyတစ်စောင်ဆွဲထားဖို့မမေ့နဲ့နော်။

စတုတ္ထအဆင့်

့် form တွေကိုအိမ်မှာဖြည့်ပြီး နောက်တစ်ရက်မှာ -
ဓာတ်ပုံရွေးပါ။ (သတိ- ဘောင်ချာကို သိမ်းထားအုံး။)

ပြီးတော့ အခန်း(၂၀၃) ဖောင်စီတဲ့ နေရာမှာ -

၁။ ဖြည့်ထားတဲ့ ဖောင်တွေရယ်(၁၁ ရွက်လောက်ရှိ)၊

၂။ သန်းခေါင်စာရင်း(အိမ်ထောင်စုစာရင်း) မိတ္တူ တစ်စောင်၊

၃။ မှတ်ပုံတင် မိတ္တူ တစ်စောင်၊

၎။ ပညာရေးကင်းရှင်းကြောင်းEC (လုပ်ထားလျှင်)

၅။ passpost စာအုပ်ဖိုး ဘဏ်ချာလံ မိတ္တူ၊

၆။ ဓာတ်ပုံဘောင်ချာ တွေကို
အဲဒီကဝန်ထမ်းကပဲစီပေးတယ်။

ပြီးရင် ဓာတ်ပုံ တွေကပ်ရတယ်။(၂ ပုံပိုတယ်။)
ဖောင်စီတဲ့နေရာမှာ နားလည်မူနဲ့
၅၀၀ ကျပ် ယူတယ်။
ပြီးရင် သန်းခေါင်စာရင်းမူရင်း နဲ့ မှတ်ပုံတင်မူရင်းကို ရုံးဟောင်းရဲ့အောက်ဆုံးထပ်မှာ သွားစစ်ရတယ်။သန်းခေါင်စာရင်း မူရင်းတွေစစ်တဲ့နေရာမှာ fundဖိုး ၁၀၀၀ ကျပ် ကောက်ခံတယ်။ဖောင်တွေတွဲပြီးရင် ရုံးဟောင်းအဝင်ပေါက်မှာ ထပ်ထားခဲ့ရတယ်။မိန်းကလေးတွေက ၁၁ နာရီထိပဲ ဖောင်လက်ခံတယ်။ :၃၀ လောက်ပြန်လာဖို့ ချိန်းတယ်။

နေ့လည်မှာ ပြန်လာတော့ ဖောင်တွေနဲ့အတူ တုံကင်ဆိုတာယူဖို့တန်းစီ ရတယ်။ သိပ်တော့မကြာပါဘူး။လူများရင်တောင် (၁၀မိနစ်-၁၅မိနစ်)လောက်ပဲ။ ဖောင်တွေပြန်ယူလာရတယ်။
တုံကင်ရရင် နောက်တနေ့မှ ပြန်လာရတယ်။

ပဉ္စမအဆင့်

ဖောင်တွေရယ်၊ တုံကင်ရယ်နဲ့ နောက်နေ့ကျရင် ရုံးအဝင်ဝမှာထပ်ရတယ်။
ယောင်္ကျားလေးတွေက ရုံးသစ်အပေါ်ဆုံးထပ်မှာ ဖောင်တွေစစ်တယ်။
လူကိုယ်တိုင်သွားမှ ရတယ်။ပြီးရင် ဖောင်တင်ခဲ့ပြီး slip ထုတ်ပေးဖို့ နေ့လည်ပြန်ချိန်းတယ်။
နေ့လည် ၁
:၃၀ လောက်လာပြီး slip ယူပြီးရင်တော့ Passport လျှောက်တဲ့ ကိစ္စပြီးပါပြီ။
တစ်လပြည့်တဲ့နေ့ မှပြန်လာဖို့ချိန်းပါတယ်။

တစ်လခန့်ကြာသော်


ရုံးဟောင်းအောက်ဆုံးထပ် စာအုပ်ထုတ်ပေးရေးဋ္ဌာနမှာ slip ပြပြီးရမရကြည့်ရပါတယ်။
ဝန်ဆောင်ခ ၂၀၀ကျပ်ပါ။


ရပြီဆိုရင် ရုံးသစ် အခန်း(၃၀၅)မှာ slip ထပ်ရပါတယ်။ ပုံစံ(၁၉)ပါမှထပ်ပါလို့ ပြောတယ်။ ( ပုံစံ(၁၉)အတွက် အောက်မှာသီးခြားဖော်ပြပါမယ်။)

(၁၀မိနစ်-၂၀မိနစ်) လောက်ကြာရင် ပုံစံ (၁၉) ပြ၊ လက်မှတ်ထိုးပြီးရင်တော့ Passport စာအုပ်ထွက်လာပါပြီ။

ဂျာနယ်တစ်စောင်ထပ်ရောင်းပါတယ်။ ၁၀၀၀ကျပ် ပါ။

Education Clearance

ပညာရေးကင်းရှင်းကြောင်း (Education Clearance)

ရိုးရိုးဘွဲ့ တွေအတွက် ECကို သထုံလမ်း အဆင့်မြင့်ပညာဦးစီးဋ္ဌာန (အောက်မြန်မာပြည်)မှာလုပ်ရပါတယ်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဋ္ဌာနအောက်က ဘွဲ့ တွေ (BE, BTEC, BSc.computer)နဲ့ ဆေးတက္ကသိုလ်ဘွဲ့ တွေဆို နေပြည်တော်မှာ သွားလုပ်ရမှာပါ။

ဘွဲ့ ယူပြီးတဲ့သူတွေအတွက်ပါ။ နိုင်ငံတော်ကို လျော်ကြေးပေးရတဲ့သဘောပါ။

လိုအပ်တာတွေကတော့-

-ဘွဲ့ လက်မှတ် မူရင်း+ မိတ္တူ တစောင်

-မှတ်ပုံတင် မူရင်း+ မိတ္တူ တစောင်

-ဓာတ်ပုံ တစ်ပုံ


Form ဝယ်ပြီး ဖြည့်ရပါတယ်။ ဖောင်ဖြည့်တဲ့နေရာမှာ တက္ကသိုလ်တက်တုန်းက နှစ်အလိုက် ခုံအမှတ်တွေ၊ ကျောင်းမှတ်ပုံတင်နံပါတ်တွေ ဖြည့်ရတဲ့အတွက် ကျောင်းသားကဒ်ယူသွားဖို့လို ပါမယ်။

ပြီးရင်တော့ ဘဏ်မှာငွေသွင်းဖို့ ဖြတ်ပိုင်းပေးလိုက်ပါတယ်။

စီးပွားရေးဘဏ်ခွဲ (၃)၊ ဆူးလေဘုရားလမ်းအောက်လမ်းနဲ့ ကမ်းနားလမ်းထောင့်မှာ သွင်းရပါတယ်။

ရိုးရိုးဘွဲ့ (BA, BSc, Bcom, BEcom) စသည့်ဖြင့် ၁၀၀၀၀ ကျပ်သွင်းရပါတယ်။

ရိုးရိုးဘွဲ့ (Hons) ဆိုရင်တော့ ၁၂၀၀၀ ကျပ်ပါ။

ငွေသွင်းပြီးရင် ချာလံနှစ်စောင်ထုတ်ပေးပါတယ်။ (၁၀မိနစ်-၃၀မိနစ်) လောက်ကြာတတ်တယ်။

မှတ်ချက်။ ။ ချာလံ ကို copy ဆွဲသွားပါ။

ဘဏ်ချာလံရရင် မိတ္တူနဲ့ အတူ သထုံလမ်းကို ပြန်သွားပါ။

ချာလံ မူရင်းတစ်စောင်နဲ့ မိတ္တူတစ်စောင်ပြန်တင်ပေးရတယ်။

ပြီးရင်တော့ တရက်ခြားပြီးပြန်ချိန်းပါတယ်။

EC ရရင်လည်း မိတ္တူ ဆွဲဖို့ မမေ့ပါနဲ့။ Passport လျှောက်လို့အကုန်တင်လိုက်လို့ မကျန်တော့ရင် သက်တမ်းတိုးတဲ့အခါ ပြန်ဆောင်ရတယ်။

ဟောဒီနေရာမှာ

ဟောဒီလိုဖောင်တောင်း


ဟောဒီလိုဖောင်ဖြည့်


ရှာထားဆရာရေ့

(ဒါလေးက ဗီရိုတစ်ခုပေါ်မှာ ကပ်ထားတာတွေ့လို့ပါ။)

Form19

ပုံစံ (၁၉) လုပ်မယ်ဆိုရင်

ပုံစံ (၁၉) ကနိုင်ငံခြားထွက်ခါနီး အခွန်ကင်းရှင်းကြောင်း လုပ်ပေးရတာပါ။ Passport မထုတ်ခင် (၁) ပတ်လောက်အလိုမှာ လုပ်ရင်ရပါတယ်။ ပုံစံ (၁၉) သက်တမ်းက (၃၀) ရက်ပဲရှိပါတယ်။

အရင်ဆုံး ကိုယ်နေထိုင်တဲ့ရပ်ကွက်မှာ သန်းခေါင်စာရင်း၊ မှတ်ပုံတင် (မူရင်း)ပြပြီး ပုံစံ (၁၇)အတွက် ထောက်ခံစာ ယူရပါတယ်။

ပြီးရင် ကိုယ်နေထိုင်တဲ့မြို့ နယ်အခွန်ရုံးမှာ (ဥပမာ- ကျောက်တံတားဆိုရင် ၃၅လမ်း အထက်မှာ၊ ပန်းဘဲတန်းဆိုရင် ၂၇လမ်း အထက်မှာ) ပုံစံ (၁၇)သွားလုပ်ရပါတယ်။

တရားဝင်လိုအပ်တာတွေက-

၁။ လျှောက်လွှာ (ရုံးမှာဝယ်ရတာ)

၂။ မှတ်ပုံတင် မိတ္တူ

၃။ အိမ်ထောင်စုစာရင်း မိတ္တူ

၎။ အလုပ်ခန့်စာ (ရှိလျှင်၊ အလည်အတွက်မလို)

၅။ အာမခံဝန်ချူပ် (အာမခံဝန်သူနှစ်ဦး၊ ပြန်တမ်းဝင် ၂ ဦး(သို့) အခွန်ထမ်း ၂ ဦး)

၆။ Gerneral Power မိတ္တူ

၇။ ရပ်ကွက် ထောက်ခံစာ

၈။ passport slip (စာလစ်) မိတ္တူ

သူတို့ကပ်ထားတဲ့စာ-

ပုံစံ (၁၇)လုပ်တဲ့နေရာမှာ သတိထားရမှာက အခွန်ကင်းရှင်းကြောင်းအာမခံဝန်ချက် ထောက်ခံပေးမယ့်သူတွေ၊ Gerneral Powerတွေ လိုပေမယ့် နောက်ပိုင်းမှာနားလည်မှုတွေနဲ့ ကြည့်ကြပ်လုပ်ပေးတယ်။ အဲဒီအတွက်ကြည့်ကြပ်ယူကြတယ်။ မြို့ နယ် တစ်ခုနဲ့ တစ်ခု လုပ်ပုံတွေရော၊ ဘာဘာညာညာ တောင်းတာတွေရော မတူကြဘူး။

အာမခံဝန်ချူပ်က တရားဝင် ၂၀၀၀ ကျပ်

ဂျာနယ်က ၅၀၀ ကျပ်

အဲဒီတော့ ၂၅၀၀ ကနေ ၈၀၀၀ ကျပ် လောက်ထိ ရှိတတ်ပါတယ်။

ဒါပေမဲ့ ကိုယ်ကလည်း ပါးနပ်ဖို့လိုပါတယ်။ ဘာမှမပြောဘဲနေရင်တော့ တောင်းသလောက်ပေးရတတ်တယ်။ မြို့ နယ်တစ်ခုက ၈၀၀၀ ကျပ်ထိ တောင်းတာကြုံရပါတယ်။

ပုံစံ (၁၇)ရရင်တော့ ပန်းဆိုးတန်းအလယ်လမ်း နိုင်ငံခြားသွားမည့်သူများပေးဆောင်ရမယ့် အခွန်ရုံး(J Donuts ဘေး)မှာ -

- ဖောင်ဝယ်ဖြည့်၊ ဓာတ်ပုံ တစ်ပုံကပ်ပြီး (ဖောင် - ၂၀၀ ကျပ်)

- ပုံစံ (၁၇) မူရင်း

-သန်းခေါင်စာရင်း မိတ္တူ တစ်စောင်၊

- မှတ်ပုံတင် မိတ္တူ တစ်စောင်၊

- passport slip မိတ္တူ တွေနဲ့ ဖောင် ထပ်ရတယ်။

ပြီးရင် အတွင်းခန်းထဲက Short Visit (အလည်၊ကျောင်းတက်ဖို့)အတွက် counter မှာ ဘောင်ချာ ဖြတ်ရတယ်။ ပြီးရင် မွေးမြူရေးနှင့် ဖွံ့ ဖြိုးရေးဘဏ် (ကုန်သည်လမ်းနှင့် ရွှေဘုံသာလမ်းထောင့်) မှာ သွားမဲ့နိုင်ငံပေါ်မူတည်ပြီးငွေသွင်းရတယ်။

ဥပမာ- စင်ကာပူအတွက်ဆိုရင် ၁၁၀၀၀ ကျပ်ပါ။

ဘဏ်တံဆိပ်ခေါင်းဖိုးက ၂၃၀၀ ကျပ်ပါ။

ပြီးရင်တော့ ဘဏ်ချာလံနဲ့ ပန်းဆိုးတန်း အခွန်ရုံးမှာ ဖောင်ပြန်တင်ရတယ်။ ၁၂ နာရီထိပဲ လက်ခံတယ်။ နေ့လည်ပိုင်းမှာ နာမည်ခေါ်ပေးတာ စောင့်ရတယ်။ ပြီးရင် စစ်ဆေးလက်မှတ်ထိုး ပြီးပုံစံ (၁၉)စာရွက်ထုတ်ပေးပါတယ်။ Passport ထုတ်ပေးတဲ့နေရာမှာ ပြရမှာပါ။

ကြိုပြီးလုပ်ထားဖို့အကြုံပြုချင်တာကတော့

သန်းခေါင်စာရင်း(အိမ်ထောင်စုစာရင်း) မိတ္တူ ၅ စောင်

မှတ်ပုံတင် မိတ္တူ ၅ စောင်

Passport slip ရလျှင် မိတ္တူ ၃ စောင်

EC မိတ္တူ ၂ စောင် စီလောက်ကိုမိတ္တူအဆင်သင့် ဆွဲထားသင့်ပါတယ်။ Passport လျှောက်လွှာတွေ အကုန်မတင်ခင် ဖောင်အားလုံးကိုလည်း မိတ္တူ ဆွဲထားသင့်ပါတယ်။ Passport မကျတာမျိုးဖြစ်ခဲ့ရင် ပြလို့ရအောင်ပါ။

Passport အတွက်ကုန်ကျစရိတ်ကိုလည်း နမူနာလေးကိုလည်း ဖော်ပြလိုက်ရပါတယ်။

Forms ဖိုး ၂၂၀၀

ဓာတ်ပုံ ၂၈၀၀

Passport စာအုပ်ဖိုး ၈၀၀၀

ပုံစံ (၁၉) ၁၃၃၀၀

EC ၁၀၀၀၀

စုစုပေါင်း ၃၆၃၀၀

ဘာဖိုးညာဖိုး ၂၅၀၀

မြို့ နယ်အခွန်ရုံး ၃၀၀၀

စုစုပေါင်း ၄၁၈၀၀ ကျပ်

Myanmar Scholarship and Study Advice